www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 25, 2013

ခရစ္စမတ် ဆုတောင်း


ခရစ္စမတ် ဆုတောင်း

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၂၅ ရက်နေ့သည် ခရစ္စမတ်နေ့ ဖြစ်ပြီး ကမ္ဘာမြေ တစ်လွှား ပျော်ရွှင် ဖွယ်ရာများ နှင့် အေးချမ်း သာယာ ငြိမ်းချမ်း စေသည်မှာ ကယ်တင်ရှင် ခရစ်တော်၏ မွေးနေ့ မင်္ဂလာ ရက်မြတ် အခါသမယ ကြောင့်ပင် ဖြစ်သည်။

ခရစ္စမတ် တေးသံများ ၊ ခရစ္စမတ်နှုတ်ဆက်သံများ ၊ ခရစ္စမတ် အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ၊ အပြင်အဆင်များ ၊ အေးချမ်းသော ရာသီဥတုနှင့် အတူ တွေ့ရ မြင်ရ သည်များ ကြည်နူး ဖွယ်ဖြစ် ရသည်မှာ ခရစ်တော်ကို သိသူ ၊ မသိသူ လူသားအားလုံး ခံစားရသည့် ခံစားမှု တစ်ခု ဖြစ်သည်။

ဤသည်မှာ ခရစ္စမတ်ပွဲတော် ၏ ထူးခြားချက် ဖြစ်သည်။ ထိုသို့ ထူးခြားခြင်းမှာ လူသားများကို ကယ်တင်ရန် အတွက် ကယ်တင်ရှင် ခရစ်တော် မွေးဖွားသည့် အချိန်အခါ သမယ ဖြစ်၍ မေတ္တာ တော် ၊ ကရုဏာတော် တို့ဖြင့် ထုံမွမ်း နေ၍ ဖြစ်ပေမည်။

ခရစ္စမတ်ပွဲတော် ဆိုသည်မှာ ယေရှု ခရစ်တော်ရှင် ၏ မွေးနေ့ပွဲတော် ပင်ဖြစ်သည်။ ခရစ္စမတ်ပွဲ တော်သည် ခရစ်ယာန် ဘာသာဝင် တို့၏ ထူးမြတ်သည့် ပွဲတော်ဖြစ်ပြီး ခရစ္စမတ် အချိန်အခါ သမယ၌ အလင်းရှင် ၊ ငြိမ်းချမ်းရေး ၏ အရှင်သခင် ၊ မေတ္တာတော်ရှင် ခရစ်တော် ဘုရားပေးမည့် ဝမ်းမြောက်ခြင်းများ ၊ ပျော်ရွှင်ခြင်းများ ၊ ငြိမ်သက်ခြင်းများ ၊ ရှင်သန်ခြင်းများ လူသားတိုင်း အပေါ် အစဉ် သက်ရောက် ပါစေကြောင်း ခရစ္စမတ် ဆုမွန်ကောင်း တောင်းပွဲများကို လည်း တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီး တို့တွင် ကျင်းပကြသည်။

သို့ဖြစ်ရာ မင်္ဂလာရှိသော ခရစ္စမတ် အခါသမယ တွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်းမှ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများ အားလုံးသည် ခရစ်တော် ဘုရားပေးသည့် ကောင်းချီး မင်္ဂလာ အပေါင်းကို ရရှိ၍ နှစ်သက် ဝမ်းမြောက် ပျော်ရွှင်ခြင်းများ ပြည့်စုံ ပါစေကြောင်း ဆုမွန် ကောင်းတောင်း ရေးသားလိုက်ရ ပေသည်။

( ၂၅-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger