www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 29, 2013

မန္တလေးမြို့အနီး ဧရာဝတီမြစ်ကြောင်း ယခင်နှစ်များထက် သောင်ထွန်းချိန် ပိုမိုစောလာ၍ ရေယာဉ်များ ရှောင်ကွင်း ခုတ်မောင်းနေရ


မန္တလေး ၊ ၂၉-၁၁-၂၀၁၃

မန္တလေးမြို့ အနီး ဧရာဝတီ မြစ်ကြောင်း သောင်ထွန်းချိန် ယခင်နှစ် များထက် ပိုမိုစော လာသဖြင့် မြစ်ကြောင်းသွား မော်တော်ငယ်များ ၊ စက်လှေငယ် များနှင့် သင်္ဘောများမှ ရှောင်ကွင်း သွားနေ ရပြီဖြစ်ကြောင်း သိရသည်။

'' ဧရာဝတီ မြစ်ကြောင်း သောင်ထွန်းချိန် က တစ်နှစ်ထက် တစ်နှစ် စောလာတယ် ၊ အချို့ မြစ်ကြောင်း နေရာတွေမှာ မြစ်ကမ်းပါး တွေပြိုကျ နေတာမျိုးတွေ ဖြစ်တော့ မြစ်ကြောင်း အနေအထား ပြောင်းလဲ တာမျိုး ၊ သောင်ထွန်း နေတာမျိုးတွေ ဖြစ်ပေါ်နေ တာကို တွေ့ရပါတယ် ၊ မန္တလေး ဂေါဝိန်ဆိပ်ကမ်း ၊ မရမ်းခြံ ဆိပ်ကမ်း အနီးတစ်ဝိုက် မှာတော့ အရင်နှစ် တွေထက် စောပြီး မြစ်ကြောင်း သောင်ထွန်း နေတာ တွေ့ရပါတယ် (ပုံ) အရင်နှစ်တွေ တုန်းကဆို ဇန်နဝါရီ ၊ ဖေဖော်ဝါရီ လလောက် ရောက်မှ မြစ်ကြောင်း သောင်ထွန်း တာကို တွေ့ရတယ် ၊ အခုလို သောင်ထွန်းချိန် စောတော့ စက်လှေတွေ ၊ မော်တော် တွေနဲ့ သင်္ဘောတွေ က ရှောင်ကွင်း ခုတ်မောင်း နေရပါတယ် ..." ဟု မရမ်းခြံ မှ မင်းကွန်း ဒေသသို့ ပြည်တွင်း မော်တော် မောင်းနှင်သူ တစ်ဦးက ပြောပြသည်။

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများ ၊ ဧရာဝတီ မြစ်ကြောင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်တွင်း ၊ ပြည်ပ မြစ်ကြောင်း ထိန်းသိမ်းရေး ပညာရှင် များက သုတေသနပြု လေ့လာခဲ့ ကြပြီး မကြာမီ လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger