www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 30, 2013

ကျိုင်းတုံမြို့ ၌ လုံခြုံရေးဆိုင်ရာ သင်တန်း ဖွင့်လှစ်ပို့ချ


ကျိုင်းတုံ ၊ ၃ဝ-၁ဝ-၂ဝ၁၃

ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ကျိုင်းတုံမြို့ ၊ ကျိုင်းတုံ ဟိုတယ်သစ် အစည်းအဝေး ခန်းမ၌ ဟိုတယ်ဆိုင်ရာ လုံခြုံရေး (ရက်တို) သင်တန်း ဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီ အချိန်က ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား သို့ ကျိုင်းတုံ ပြည်နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ ၊ ခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ ဒုတိယ ရဲမှူးကြီး ကျော်ဝင်း ၊ မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း မန်နေဂျာ ဦးဝင်းအောင် နှင့် ကျိုင်းတုံမြို့ရှိ ဟိုတယ် ၊ မိုတယ် ၊ တည်းခိုခန်း များမှ တာဝန်ရှိ သူများနှင့် သင်တန်းသား သင်တန်းသူ များ တက်ရောက် ခဲ့ကြသည်။

အစီအစဉ် အရ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ က သင်တန်းဖွင့် အမှာစကား ပြောကြား ရာတွင်  ရှမ်းပြည်နယ် အရှေ့ပိုင်း ရှိ ဟိုတယ်များ တွင် လုံခြုံရေး အသိအမြင်ဖြင့် ဆောင်ရွက်ရေး ၊ လုံခြုံရေး ဆိုင်ရာ ရှာဖွေ စစ်ဆေးခြင်း ၊  သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ၊ ထူးခြားမှု ရှိက တာဝန်ရှိ သူများထံ အချိန်မီ သတင်းပေးပို့ တင်ပြရေး နှင့် ပတ်သတ်၍ အသေးစိတ် ရှင်းလင်း ပြောကြား သည်။ ထို့နောက် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ကျော်ဝင်း မှ ဟိုတယ် ၊ မိုတယ် လုပ်ငန်းများ တွင် လုံခြုံရေး အရ CCTV ကင်မရာများ တပ်ဆင် အသုံးပြုရန် လိုအပ်ကြောင်း နှင့် ၄င်း ကင်မရာများ ၏ အသုံးဝင်ပုံ များအား ရှင်းလင်း ပြောကြား ခဲ့ပြီးနောက် မြန်မာ့ဟိုတယ် နှင့် ခရီး သွားလာရေး လုပ်ငန်း မန်နေဂျာ ဦးဝင်းအောင် က သင်တန်း ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်သော ကိစ္စရပ်များ ကို ရှင်းလင်း ပြောကြား ခဲ့သည်။


အဆိုပါ သင်တန်းသို့ ကျိုင်းတုံမြို့ရှိ ဟိုတယ် ၊ မိုတယ် ၊ တည်းခိုခန်း များတွင် တာဝန် ထမ်းဆောင် နေသော ဟိုတယ် ဝန်ထမ်း  ၃၇ ဦး တက်ရောက်ပြီး ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိ သူများက လုံခြုံရေး နှင့် ဆိုင်သော သင်ခန်းစာ များအား ပို့ချ ဆွေးနွေး သွားမည်ဖြစ်ကာ သင်တန်းအား နိုဝင်ဘာ ၁၁ ရက်နေ့ အထိ ပို့ချ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger