www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 29, 2013

(၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲ တက်ရောက်ရန် အတွက် အာဆီယံနိုင်ငံ များမှ ဒုတိယ(ကြည်း)တပ် ဦးစီးချုပ်များ ရောက်ရှိ


နေပြည်တော် ၊ ၂၉-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် ကျင်းပ ပြုလုပ်မည့် (၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲ တက်ရောက်ရန် အတွက် ဘရူနိုင်း နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဗိုလ်မှူးကြီး Haji Zainal Ariffin Bin Dato Paduka Haji Ahmad ခေါင်းဆောင်သော အဖွဲ့သည် အောက်တိုဘာ ၂၇ ရက် ညနေပိုင်း တွင် မန္တလေးမြို့ သို့ ရောက်ရှိလာရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီး အန့်ဇော် နှင့် တာဝန်ရှိ သူများက မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြကြောင်း သိရသည်။

ဘရူနိုင်းနိုင်ငံမှ ဒုတိယ(ကြည်း)တပ် ဦးစီးချုပ် 
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်


အလားတူ ထိုင်းနိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Udomdej Sitabutr ခေါင်းဆောင်သော အဖွဲ့ ၊ အင်ဒိုနီးရှား နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Muhamad Munir ခေါင်းဆောင်သော အဖွဲ့ ၊ ဖိလစ်ပိုင် နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဗိုလ်ချုပ် ESSEL C SORIANO ခေါင်းဆောင်သော အဖွဲ့နှင့် လာအို နိုင်ငံမှ လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်မှူးကြီး Khampeiw PHIMMASONE ခေါင်းဆောင်သော အဖွဲ့တို့သည် ယမန်နေ့ နံနက်ပိုင်း တွင် Thai Smile လေကြောင်းလိုင်း ဖြင့် လည်းကောင်း ၊ ကမ္ဘောဒီးယား နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Chan Sopheaktra ခေါင်းဆောင်သော အဖွဲ့ ၊ စင်ကာပူ နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဗိုလ်မှူးချုပ် Lim Cheng Yeow Perry ခေါင်းဆောင်သော အဖွဲ့နှင့် မလေးရှား နိုင်ငံမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Dato' Seri Panglima Haji Ahmad Hasbullah Bin Haji Mohd Nawawi ခေါင်းဆောင်သော အဖွဲ့များသည် နေ့လယ် ပိုင်းတွင် ဘန်ကောက် လေကြောင်းလိုင်း ဖြင့် လည်းကောင်း မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးကြီး အန့်ဇော် နှင့် တာဝန်ရှိ သူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက် ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

ထိုင်းနိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ ၊ ဖိလစ်ပိုင် နိုင်ငံများမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ်များ နှင့် 
လာအို နိုင်ငံမှ လေ့ကျင့်ရေး အရာရှိချုပ် တို့ 
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်

ကမ္ဘောဒီးယားနိုင်ငံ ၊ စင်ကာပူနိုင်ငံ နှင့် မလေးရှား နိုင်ငံတို့မှ 
ဒုတိယ(ကြည်း)တပ် ဦးစီးချုပ် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger