www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 30, 2013

" အဘိုးစ သို့ ဦးညွှတ်ခြင်း "


" အဘိုးစ သို့ ဦးညွှတ်ခြင်း "

ကလောင်တစ်ဖက် ၊ စွဲမက်ကိုင်ဆောင်
ပြည်ထောင်အရေး ၊ သွေးမအေးဘူး
စတေးဝံ့သူ ၊ အာဂလူပင်
ကျွန်လျှင်ခံစား နားလည်ခဲ့ ။

စစ်ရေးတစ်ဖက် ၊ ငြိမ်းလျက်ညင်သာ
ရှိသောခါမူ ၊ စာပေအနု
ရတုကဗျာ ၊ ၀ါသနာလျောက်
တစ်ထောက်မနား ၊ ရေးစွမ်းအားရှိ
နောင်သားလူမယ် ၊ အကျိုးရွယ်၍
စိတ်ဝယ်ခံစား ၊ ထားရှိသမျှ
ကျွန်ဖတ်ရသည်
အာဂ အဖိုးစ စိတ်နေလှ ။

သြော် . . .  အဘိုးစနှယ် ၊ နှိုင်းမျှထုံးစဉ်
တုမယှဉ်ရဲ ၊ စစ်ဝင်စစ်ထွက်
လက်နက်မကိုင် ၊ ကလောင်ကိုင်လည်း
မခိုင်စိတ်က ၊ တုမရပြီ
မပီကဗျာ ၊ တွေ့ခဲ့ပါလျှင်
စာနာသနား ၊ အကျွန့်အားလျှင်
နားလည် ခွင့်လွှတ် လိုက်ပါ အဘိုး ။  ။

မင်းရွှေမင်း (အင်းစိန်)


( ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၊ မြ၀တီရသစုံ မဂ္ဂဇင်း ၆၁-နှစ်မြောက် အမှတ်တရ အထူးထုတ် ပါ ကဗျာကဏ္ဍ မှ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger