www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 27, 2013

ရုရှားနိုင်ငံက Terminator - 2 အမည်ရှိတင့်ကားအားထုတ်ဖော်ပြသ



မော်စကို ၊ ၂၇-၉-၂၀၁၃

ရုရှားနိုင်ငံ နစ်ဇ်နီတန်ဂီ မြို့တွင် ကျင်းပလျက် ရှိသည့် ရုရှား စစ်လက်နက် ကုန်စည်ပြပွဲ ၂ဝ၁၃ ၌ ရုရှား၏ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ Uralvagonzavod က Terminator - 2 ဟု အမည် ပေးထားသော BMPT - 72 အထောက် အကူပေး တိုက်ခိုက်ရေး တင့်ကားကို စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ဖော် ပြသခဲ့သည်။ 

အဆိုပါ တင့်ကားသည် T- 72 ပင်မ တိုက်ပွဲဝင် တင့်အား အဆင့်မြှင့်တင် ထားသည့် တင့်ကား ဖြစ်ပြီး အမြောက်ဆုံလည် ဒဏ်ခံမှု စနစ်နှင့် ပစ်ခတ် ထိန်းချုပ်မှု စနစ် ပိုမိုကောင်းမွန် ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ တင့်ကား၏ အဓိက အားသာချက်မှာ တန်ဖိုးကြီးသည့် စက်ပစ္စည်းများ ဝယ်ယူရခြင်း မရှိဘဲ စစ်လက်နက် ၊ ကာကွယ်နိုင်မှု ၊ လှုပ်ရှား စစ်ကစား နိုင်မှု စွမ်းပကား မြင့်မားပြီး ကုန်ကျစရိတ် နည်းနည်းဖြင့် ကြီးကြီး မားမား အဆင့် မြှင့်တင်မှု ပြုလုပ်ထား သောတင့်ကား ဖြစ်ကြောင်း ၄င်း ကုမ္ပဏီက ပြောကြား ခဲ့သည်။ BMPT - 72 တင့်ကားတွင် ၃ဝ မီလီမီတာ အမြောက် ၂ လက် ၊ ၃ဝ မီလီမီတာ ဗုံးပစ် လောင်ချာ ၂ လက် ၊ ၁၃ဝ မီလီမီတာ Ataka-T တင့်ဖျက် ပဲ့ထိန်း ဒုံးကျည် ပစ်ခတ် နိုင်သည့် လောင်ချာ ၄ လက် ၊ ၇.၆၂ မီလီမီတာ စက်သေနတ် ၁ လက် နှင့် ၈၁ မီလီမီတာ မီးခိုးဗုံး ပစ်လောင်ချာ ၂ လက်တို့ တပ်ဆင် ထားသည်။ 

ထပ်မံ ပေါ်ထွက် လာနိုင်သည့် အဆိုပါ တင့်ကား မျိုးဆက်သစ် များသည် ရုရှားနိုင်ငံ၏ ပင်မ တိုက်ပွဲဝင် တင့်ကားသစ် များကို အများဆုံး အခြေခံ၍ ထုတ်လုပ်မည် ဖြစ်ကြောင်း ရုရှား ဒုတိယ ဝန်ကြီးချုပ် ဒီမီထရီရိုဂိုဇင် ကပြောကြား ခဲ့သည်ဟု သိရှိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger