www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 24, 2013

လက်ရှိ အိမ်ခြံမြေ ဈေးနှုန်းကို ထုတ်ပြန်ချက်များဖြင့် ထိန်းချုပ်ရန် မလွယ်ကူ


ရန်ကုန် ၊ ၂၄-၉-၂၀၁၃

ဈေးနှုန်း မြင့်တက် နေသည့် အိမ်ခြံမြေ ဈေးများကို မည်သည့် ထုတ်ပြန်ချက် ၊ မည်သည့် ကန့်သတ်ချက် များဖြင့် ထိန်းချုပ်ရန် မလွယ်ကူကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများ ထံမှ သိရသည်။

ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အတွင်း အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက် နေရခြင်းသည် ငွေကြေး ချမ်းသာသူ ၀ယ်လက်များမှ အလိုရှိသည့် ၀ယ်ယူ လိုသော နေရာများကို ကာလပေါက်ဈေး ထက် ဈေးမြင့်ပေး ၀ယ်ယူနေခြင်း ကြောင့် ဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ များက ထောက်ပြ ခဲ့သည်။

" လက်ရှိ အနေအထား က ဘယ်လို ထုတ်ပြန်ချက် တွေပဲလုပ်လုပ် ၊ ဘယ်လို ကန့်သတ်ချက် တွေပဲ လုပ်လုပ် ရန်ကုန် မြို့ထဲမှာ အိမ်ခြံမြေ ဈေးကို ထိန်းချုပ် နိုင်မှာ မဟုတ်ဘူး ၊ ရန်ကုန် မြို့တွင်း အချက်အချာ ကျတဲ့ နေရာတွေ မှာဆိုရင် တိုက်ခန်း တွေကများတယ် ၊ မြေနေရာ အလွတ်က ရှားလာတယ် ၊ ဒီတော့ မြေနေရာ အလွတ် ဆိုရင်တော့ ရောင်းတဲ့လူ စိတ်ကြိုက် ဈေးခေါ်တဲ့ အတိုင်း ၀ယ်တဲ့သူက လည်း ၀ယ်တယ် .... " ဟု အောင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက် နေသည်ကို ထိန်းချုပ်နိုင်ရန် အတွက် အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် ပေးဆောင် ရမည့် အခွန်နှုန်းထား များကို လွန်ခဲ့သော နှစ်နှစ်ခန့် က အစိုးရမှ  တိုးမြှင့် သတ်မှတ်လိုက် သော်လည်း ထိရောက်သည့် အကျိုး သက်ရောက်မှု မရှိဘဲ အိမ်ခြံမြေ ဈေးနှုန်းများမှာ ဆက်လက် မြင့်တက်လျက် ရှိသည်။


'' ယခုလည်း အိမ်ခြံမြေ ဈေးနှုန်း သတ်မှတ်ချက် တစ်ခု ထွက်လာပြီ ၊ ဘယ် ထုတ်ပြန်ချက် မဆို တစ်ဦး တစ်ယောက် လိုက်နာရုံနဲ့ မလုံလောက်ဘူး ၊ အားလုံး နီးပါး လိုက်နာမှ အသုံးဝင်တာ ... ''ဟု စမ်းချောင်း မြို့နယ် အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြား ခဲ့သည်။ အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် ရောင်းချ လိုသူသာ အဓိက ကျကြောင်းနှင့် ဈေးနှုန်းမှာလည်း ရောင်းချ လိုသူ၏ သတ်မှတ်ချက် ပင်ဖြစ် နေကြောင်း ထို့ကြောင့် အိမ်ခြံမြေ ဈေးနှုန်းများ ထိန်းချုပ် ရန်မှာ ခက်ခဲ နေဦးမည် ဖြစ်ကြောင်း ရန်ကုန် အိမ်ခြံမြေ ဈေးကွက် လေ့လာသူ များက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger