www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 25, 2013

မြန်မာနိုင်ငံတွင် ပထမဆုံး ရဟတ်ယာဉ်ဖြင့် အရေးပေါ် လူနာသယ်ဆောင်ခြင်း ဆောင်ရွက်သွားမည်


ရန်ကုန် ၊ ၂၅-၉-၂၀၁၃

မြန်မာနိုင်ငံ တွင် ပထမဆုံး ဖြစ်သည့် ရဟတ်ယာဉ်ဖြင့် အရေးပေါ် လူနာ သယ်ဆောင်ခြင်း ( Air Ambulance ) စနစ်ကို ယခုနှစ် အတွင်း စတင် ကျင့်သုံးမည် ဖြစ်ကြောင်း ၀ိတိုရိယ ဆေးရုံ၌ အခြေစိုက် ဖွင့်လှစ် ထားသော Leo Medical Care မှ ဒေါက်တာ သီဟ က ပြောကြား ခဲ့ကြောင်း သိရသည်။


အဆိုပါ Air Ambulance လိုင်းတွင် လေယာဉ် တစ်စင်း ၊ ရဟတ်ယာဉ် တစ်စင်း ထားရှိမည် ဖြစ်ပြီး အခင်း ဖြစ်ပွားရာ နေရာမှ လူနာများကို ရဟတ်ယာဉ် ၊ လေယာဉ် တို့ဖြင့် လိုက်လံ ကောက်ယူခြင်း ၊ ဆေးရုံ တစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းခြင်း ၊ ပြည်တွင်း မှတစ်ဆင့် ပြည်ပ ဆေးရုံများသို့ ပြောင်းရွှေ့ခြင်း များကို ဆောင်ရွက် ပေးမည် ဖြစ်ပြီး ၊ လေယာဉ် ပေါ်တွင် အရေးပေါ် နှလုံးနှိုးဆွစက် ၊ ချွဲစုတ်စက် ၊ အောက်စီဂျင် စသည့် ကိရိယာ များအပြင် ACLS , ITLS လက်မှတ်ရ ဆရာဝန် များနှင့် သူနာပြုများ ပါရှိမည် ဖြစ်သည်။ မြန်မာနိုင်ငံ မှ အိမ်ရှင် အဖြစ် ကျင်းပမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ယင်း Air Ambulance ရဟတ်ယာဉ် တစ်စင်းကို ထားရှိ နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် သီးခြား ညှိနှိုင်းလျက် ရှိကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger