www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 28, 2013

ဇွဲကပင်တောင် Cable Car စနစ် Survey ပြုလုပ်ပြီး၍ တည်ဆောက်မှု အပိုင်း စတင်တော့မည်


ရန်ကုန် ၊ ၂၈-၈-၂၀၁၃

ဇွဲကပင်တောင် တွင် အကောင် အထည်ဖော် မည့် မြန်မာ့ပထမဆုံး Cable Car စနစ်ကို ယခုအခါ မြေပြင် စစ်ဆေး တိုင်းတာမှု ( Survey ) ပြုလုပ် ပြီးစီးပြီ ဖြစ်၍ တည်ဆောက်မှု အပိုင်း စတင် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း စီမံကိန်း အင်ဂျင်နီယာ ဦးသောင်းညွန့် က ပြောကြား ခဲ့ကြောင်း သိရသည်။

'' Survey ပြုလုပ်တဲ့ အချိန်က မိုးတွင်းဖြစ်တဲ့ အတွက် အခက်အခဲတွေ ရှိပါတယ် ၊ အခု ပထမအဆင့် အနေနဲ့ Survey ပြုလုပ်ထား တာကို ပြည်ပ ပညာရှင် တွေဆီပို့ပြီး တည်ဆောက်မှု အပိုင်း စတင်တော့ မှာဖြစ်ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။ အဆိုပါ Cable Car တည်ဆောက် မှုကို နာယက ပီနန် ဆရာတော် ၊ ဇွဲကပင် ဆရာတော် ၊ သာသနာ့ ဇေယျာ မင်္ဂလာ ပရိယတ္တိ စာသင်တိုက် ( သုံးထပ်ကျောင်း ) ဆရာတော် စသည့် ဆရာတော် ကြီးသုံးပါး ကြီးမှူး ဦးဆောင်မှုဖြင့် မလေးရှား နိုင်ငံ SMET DABHD ကုမ္ပဏီ နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ပညာရှင်များ ပူးပေါင်း တည်ဆောက် ခြင်းဖြစ်ကာ စီမံကိန်း ကာလ ၁၈ လသတ်မှတ် ထားကြောင်း သိရသည်။

ယခု တပ်ဆင်မည့် Cable Car သည် လူ ၄ဝ စီးနိုင်သော အကြီးစားဖြစ်ပြီး Cable ကြိုးကို Electric Motor ဖြင့် ဆွဲတင် ပို့ရသည့် တစ်ကမ္ဘာ လုံးတွင် အသုံးပြု နေသည့် စနစ်ဖြစ်ကာ Cable ကြိုးသည် အချင်း ၃၈ မီလီမီတာရှိပြီး သတ်တမ်း ၁ဝ နှစ်မှ ၁၅ နှစ်အထိ ခံနိုင်အား ရှိကြောင်း ၊ Cable Car စနစ် အတွက် လိုအပ်သည့် အစိတ်အပိုင်း များကို ဆွစ်ဇာလန် နှင့် သြစတြေးလျ နိုင်ငံတို့မှ မှာယူမည် ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီ တည်ဆောက်မည် ဖြစ်ကြောင်း နှင့် ယင်းစီမံကိန်း မှာ အမေရိကန် ဒေါ်လာ သန်း ၂ဝ ကျော်ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

အများပြည်သူ လုံခြုံမှု ရှိစေရန် လူ ၄၀ ကျော်လျှင် Cable အလုပ်မလုပ် သည့် စနစ် ၊ အပေါ် ရပ်နား နေရာနှင့် အောက်ရပ်နား နေရာ ရောက်မှ တံခါးများဖွင့် - ပိတ်နိုင်သည့် စနစ် ၊ အတက်အဆင်း ပြုလုပ်နေသည့် အချိန်၌ ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက်၍ လမ်းတစ်ဝက် တွင်ရပ်နားမှု မရှိစေရန် မီးစက် ( Generator ) များဖြင့် အလိုအလျောက် လည်ပတ်သည့် စနစ်များကို ပြုလုပ် ထားသည့် အပြင် Cable Car ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက် ပြုပြင် ထိန်းသိမ်းရေး ကော်မတီကို ပညာရှင် များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံခြားသား ပညာရှင်များက နေ့အလိုက် ၊ လအလိုက် ၊ နှစ်အလိုက် စစ်ဆေး ပြုပြင်ခြင်း များကို စနစ်တကျ သင်တန်းများ ပို့ချကာ နည်းပညာများ လက်ဆင့်ကမ်း သွားမည် ဖြစ်ကြောင်း သိရသည်။


ဇွဲကပင် ဆံတော်ရှင် စေတီ တော်မြတ်ကြီး ကို လာရောက် ဖူးမြော် ကြသူများ ခြေလျင် တက်ရာတွင် ၂ နာရီခွဲ ၊ ၃ နာရီခန့် ပင်ပင်ပန်းပန်း ခက်ခဲစွာ တက်ရောက် ဖူးမြော်နေရာမှ Cable Car တပ်ဆင်မှု ပြီးသွားပါက အထက်နှင့် အောက် ၁၆၅ဝ မီတာ ကွာဝေးသော ဇွဲကပင်တောင် ဆံတော်ရှင် စေတီကို မိနစ် အနည်းငယ် ခန့်ဖြင့် ဖူးမြော်နိုင် မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger