www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 27, 2013

တစ်နိုင်ငံလုံးတွင် ဟိုတယ် ၊ မိုတယ် နှင့် တည်းခိုခန်း ၈၀၀ ကျော်ရှိလာမည်


ရန်ကုန် ၊ ၂၇-၇-၂၀၁၃

၂၀၁၂ ခုနှစ်အတွင်း ဟိုတယ် နှင့် ခရီးသွား လာရေး ၀န်ကြီးဌာန မှ ခွင့်ပြုထားသည့် ဟိုတယ် ၊ မိုတယ် နှင့် တည်းခိုခန်း အရေအတွက်မှာ ၇၀၀ ကျော်ရှိရာမှ ယခုနှစ်အတွင်း ဟိုတယ် ၊ မိုတယ် နှင့် တည်းခိုခန်း ၁၀၀ ခန့် ထပ်မံ ခွင့်ပြု ပေးထားရာ စုစုပေါင်း ၈၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန မှ ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ချထား ပေးသည့် ဟိုတယ် ၊ မိုတယ် နှင့် တည်းခိုခန်း များမှာ နေပြည်တော်တွင် အလုံး ၄၀ ၊ ရန်ကုန်တိုင်း ဒေသကြီးတွင် အလုံးပေါင်း ၂၁၀ ၊ မန္တလေးတိုင်း ဒေသကြီးတွင် ၈၃ လုံး ၊ ပုဂံ - ညောင်ဦးတွင် ၇၆ လုံး ၊ တောင်ကြီး နှင့် အင်းလေး ဒေသတွင် ၆၁ လုံးခွင့်ပြု ပေးခဲ့ပြီး အဆိုပါ လုပ်ငန်းများမှ အခန်းပေါင်း ၃၀၀၀၀ ခန့်အထိ တိုးလာမည် ဖြစ်သည်။


ယင်း ဟိုတယ် ၊ မိုတယ် နှင့် တည်းခိုခန်း များတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှု ဟိုတယ် ၂၁ လုံး ပါဝင်ပြီး ပြည်တွင်း လုပ်ငန်းရှင် များနှင့် ပူးပေါင်း ဆောင်ရွက်သည့် ဟိုတယ် ၄ လုံး ၊ နိုင်ငံပိုင် ဟိုတယ် ၆ လုံး နှင့် ပုဂ္ဂလိကပိုင် ဟိုတယ် ၇၉၅ လုံး ပါဝင်ကြောင်းနှင့် ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ၏ စစ်တမ်းများ အရ ယခုနှစ် ဇန်န၀ါရီ မှ ဇူလိုင် ဒုတိယပတ် အထိ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် မှ နိုင်ငံတကာ ခရီးသွား ဧည့်သည် ၃၆၀၀၀၀ ကျော် ၀င်ရောက် လာခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger