www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 29, 2013

မင်းတုန်းမြို့နယ် ကျေးရွာတချို့ ချောင်းရေလျှံနစ်မြုပ်

မင်းတုန်းချောင်းကူး သံဘေလီ တံတားဟောင်း ရေနစ်မြုပ်စဉ်

မင်းတုန်း ၊ ၂၉-၇-၂၀၁၃

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် အတွင်း ၃ ရက်ဆက်တိုက် မိုးရွာသွန်း မှုကြောင့် လွှာချောင်း ၊ မင်းတုန်းချောင်း တို့ ရေကြီး ရေလျှံခဲ့ပြီး မင်းတုန်းချောင်း ဘေးကျေးရွာများ ဖြစ်သော ဘူးတောင်း ကျေးရွာ ၊ တံတားရွာ ၊ ဇီးတောရွာ ၊ မင်းရွာကိုင်းရွာ ၊ ကန်လွယ်ရွာ ၊ ကိုင်းငယ်ရွာ တို့၏ အတွင်းသို့ ရေများ ၀င်ရောက် ခဲ့သည်။

မင်းတုန်းမြို့နယ် ကျေးရွာ ဆက်သွယ်ရေးလမ်း ဖြစ်သော ဘူးတောင်း - မင်းတုန်း ကတ္တရာလမ်း ရေအောက်သို့ ၅ ပေခန့် နစ်မြုပ်ခဲ့ပြီး ပြောင်းခင်းများ ၊ နှမ်းခင်းများ ၊ စိုက်ပျိုးပြီးစ လယ်များ ပျက်စီးခဲ့သည်။ ယခုအခါ အသုံးမပြု တော့သော မင်းတုန်းချောင်း တံတားဟောင်း သံဘေလီ တံတား တချို့တစ်ဝက် ရေထဲ မျောပါ ခဲ့သည်။


အလားတူ လွှာချောင်းတံတား ပေ ၉၆၀ အရှည်ရှိ တံတားသစ်ကြီး ၏ အချင်း ၁ ဒသမ ၂ လွန်းတူးဘိုးပိုင် အုတ်မြစ် သံကူ ကွန်ကရစ် ရက်မအမြင့် ပေ ၉၀ ထိ ချောင်းရေများ ရောက်ခဲ့သည်။ လွှာချောင်းဘေး ကျေးရွာများ ဖြစ်သော မဲဇလီ ကျေးရွာ မြောက်ပိုင်း ၊ တောင်ပိုင်းတို့ ရေနစ်မြုပ် ခဲ့ပြီး စိုက်ခင်းများ ပျက်စီးခဲ့သည်။ ထို့အတူ ပုသိမ် - မုံရွာ လမ်းမကြီး မိုင်း ၂၀၉/၁ ၊ ၂၀၉/၂ ကြား ကတ္တရာလမ်း ရေကျော်၍ လမ်းသားများ ပျက်စီးမှုများ ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger