www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 29, 2013

မြန်မာ့အိမ်

မြန်မာ့အိမ်

ဤအိမ်ထဲမှာ ၊ နေထိုင်ပါသည်
ဆွေဉာမိတ်ရင်း ၊ တို့သွေးချင်းတွေ
ချစ်ခြင်းဝေပွား ၊ မေတ္တာထားလျက်
မခြားမကွဲ ၊ တစ်သားတည်းပင်
ခိုင်မြဲလှသော မိသားစု ။

ဤအိမ်ထဲမှာ ၊ နေထိုင်ပါသည်
ဇာတိပုည ၊ ဂုဏ်မာနနှင့် 
ထက်မြဓားရေး ၊ သတ္တိမွေး၍
ပြည်ရေးဝန်တာ ၊ သွေးစည်းကာလျှင်
ကာကွယ်တတ်သော မိသားစု ။

ဤအိမ်ထဲမှာ ၊ နေထိုင်ပါသည်
ဘာသာလူမျိုး ၊ ချစ်မြတ်နိုး၍ 
ရိုးရာဓလေ့ ၊ ထုံးအငွေ့၌
ပျော်မွေ့နစ်ဝင် ၊ တွယ်တာခင်သည်
ယဉ်ကျေးလှသော မိသားစု ။

ဤအိမ်ထဲမှာ ၊ နေထိုင်ပါသည်
ချိုသာစကား ၊ အပြုံးများနှင့်
စိတ်ထားဝင်းဖန့် ၊ ဂုဏ်သင်းပျံ့လျက်
နူးညံ့ပွင့်လင်း ၊ ဟန်ဆောင်ကင်းသည့်
ရိုးစင်းလှသော မိသားစု ။

ဤအိမ်ထဲမှာ ၊ နေထိုင်ပါသည်
မြန်မာဟူဘိ ၊ မော်ကွန်းရှိသား
တို့မိသားစု ၊ သွေးစည်းမှုနှင့်
ချစ်မှုခင်မှု ၊ ယဉ်ကျေးမှုနှင့်
စံပြတုကင်း ၊ ရိုးသားခြင်းတို့
ဖန်ဆင်းဝန်းရံ ၊ ရှိသည်မှန်၍
ထက်သန်းပြင်းပြ ၊ ဂုဏ်ယူကြစဉ်
လှစုံတင့်လျှမ်း ၊ အံ့မခန်းနှင့်
ချမ်းမြရိပ်ငြိမ် ၊ မြန်မာအိမ်သည်
ဝင်းထိန်နေနှယ် လင်းသတည်း ။   ။

( ပုလော စိုးနံ့သာ )

(၂၀၁၃ ခုနှစ် သြဂုတ်လထုတ် ငွေတာရီရသစုံ မဂ္ဂဇင်း ၏ ကဗျာကဏ္ဍမှ )


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger