www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 26, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကို စစ်တိုင်းမှူး Major General Sclozenov မှ ဂုဏ်ပြု ကြိုဆို ၊ ကျဆုံး စစ်သည်များ အမှတ်တရ ကျောက်တိုင်၌ လွမ်းသူ့ ပန်းခွေချ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကို စစ်တိုင်းမှူး Major General Sclozenov တို့ 
ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်

နေပြည်တော် ၊ ၂၆-၆-၂၀၁၃

ရုရှား ဖက်ဒရေးရှင်း ကာကွယ်ရေး ၀န်ကြီး General of the Sergey K. SHOIGU ၏ ဖိတ်ကြားချက် အရ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့ သို့ ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ၊ မော်စကို စစ်တိုင်းမှူး Major General Sclozenov မှ ဂုဏ်ပြု ကြိုဆိုခြင်း အခမ်းအနား ကို ဇွန်လ ၂၄ ရက် နံနက်ပိုင်း တွင် မော်စကိုမြို့ Poklonnaya Gora ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနား သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ အဖွဲ့ဝင် တပ်မတော် အရာရှိကြီးများ ၊ ရုရှားနိုင်ငံ ဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ယု နှင့် မြန်မာ စစ်သံ (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်မှူးကြီး နေ၀င်း တို့ တက်ရောက် ကြပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံမှ Deputy Chief of General Staff, General Postnikov (AM) နှင့် မော်စကို စစ်တိုင်းမှူး ရုရှား ဖက်ဒရေးရှင်း နိုင်ငံ တပ်မတော် အရာရှိ ကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနား သို့ တက်ရောက်ရန် Poklonnaya Gora သို့ ရောက်ရှိရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကို စစ်တိုင်းမှူး မှ ခရီးဦး ကြိုဆို နှုတ်ဆက်ပြီး အခမ်းအနား အစီအစဉ် အကျဉ်းချုပ် အား ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အလေးပြုခံ စင်မြင့် သို့ သွားရောက် နေရာယူကာ ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြု ခြင်းကို ခံယူကြသည်။ ထိုအချိန်တွင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ စစ်တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများအား ဂုဏ်ပြု တီးမှုတ်သည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်
မော်စကို စစ်တိုင်းမှူး Major General Sclozenov တို့
ကျဆုံးစစ်သည်များ အမှတ်တရ ကျောက်တိုင်၌ လွမ်းသူ့ ပန်းခွေ ချရန် သွားရောက်စဉ်


၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် ဂုဏ်ပြု တပ်ဖွဲ့ကို စစ်ဆေး ကြည့်ရှုပြီး ဂုဏ်ပြု တပ်ဖွဲ့မှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား ချီတက် အလေးပြုသည်။ ဂုဏ်ပြု ကြိုဆိုခြင်း အခမ်းအနား အပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကျဆုံး စစ်သည်များ အမှတ်တရ ကျောက်တိုင်၌ လွမ်းသူ့ ပန်းခွေ ချခဲ့ပြီး အထိမ်းအမှတ် ကျောက်တိုင် ရှေ့၌ အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger