www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 26, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် JSC RAC MiG သို့ သွားရောက်လေ့လာ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
MiG-29 M လေယာဉ်အသစ် စမ်းသပ်ပျံသန်းမှုအား ကြည့်ရှု အားပေးစဉ်

နေပြည်တော် ၊ ၂၅-၆-၂၀၁၃

ရုရှား ဖက်ဒရေးရှင်း နိုင်ငံ မော်စကိုမြို့ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန်လ ၂၄ ရက် ညနေပိုင်း တွင် မော်စကိုမြို့မှ ၁၈၀ ကီလိုမီတာ အကွာ Lykhovitsy မြို့ရှိ JSC RAC MiG စက်ရုံသို့ သွားရောက် လေ့လာရာ JSC RAC MiG မှ Director General Sergey S. Korotkov နှင့် တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက် ကြသည်။



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
လေယာဉ် ထုတ်လုပ်ရေး စင်တာအတွင်း ကြည့်ရှု လေ့လာစဉ်

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊နှင့် အဖွဲ့ဝင် များအား အစည်းအဝေး ခန်းမတွင် Director General မှ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားပြီး The Engineering Center of the Design Bureau မှ Director Vladimir I. Barkovskiy မှ MiG-29 M/M 2 Multirole Fighter အသစ် ထုတ်လုပ်မှု အဆင့်ဆင့် အား ရှင်းလင်း တင်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ သိရှိ လိုသည်များ မေးမြန်းရာ တာဝန်ရှိ သူများမှ ရှင်းလင်း တင်ပြ ကြသည်။ ၄င်းနောက် လေယာဉ် ထုတ်လုပ်ရေး စင်တာအတွင်း လေယာဉ်များ ထုတ်လုပ်မှု အခြေအနေ ကို ကြည့်ရှု လေ့လာကြရာ တာဝန်ရှိ သူများမှ ရှင်းလင်း တင်ပြ ကြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် အဆင့်မြှင့်တင် ထုတ်လုပ် ခဲ့သည့် MiG-29 M လေယာဉ် အသစ်အား စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် လွင်ဦး လိုက်ပါ၍ စမ်းသပ် ပျံသန်းမှုအား ကြည့်ရှု အားပေးသည်။ ထို့နောက် အစည်းအဝေး ခန်းမအတွင်း JSC RAC MiG မှ Director General က ဗိုလ်မှူးချုပ် လွင်ဦးအား MiG-29 M လေယာဉ် မောင်းနှင်မှု အသိအမှတ်ပြု ကတ်ပေးအပ်ပြီး ဗိုလ်မှူးချုပ် လွင်ဦး မှ ပျံသန်းမှု အတွေ့အကြုံ အား ရှင်းလင်း ပြောကြား၍ JSC RAC MiG မှ တာဝန်ရှိ သူများအား သိရှိ လိုသည်များ မေးမြန်းရာ တာဝန်ရှိ သူများက ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် JSC RAC MiG မှ တာဝန်ရှိ သူများ တည်ခင်း ဧည့်ခံသော ဂုဏ်ပြု ညနေစာ စားပွဲသို့ တက်ရောက်၍ ရင်းနှီးစွာ အတူတကွ သုံးဆောင် ကြသည်။


ညနေစာ သုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ Director General Sergey S. Korotkov အား အမှတ်တရ လက်ဆောင် ပေးအပ်ပြီး Director General မှ ပေးအပ်သော MiG-29 M လေယာဉ် ပုံစံငယ် အား လက်ခံ ရယူခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger