www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 30, 2013

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ အခွန်ဝေစု လွှဲပြောင်းပေးအပ်




တောင်ကြီး ၊ ၃၀-၆-၂၀၁၃

ရှမ်းပြည်နယ် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဌာန ၊ ပြည်တွင်း အခွန်များ ဦးစီးဌာန နှင့် အကောက်ခွန် ဦးစီးဌာန တို့မှ ပြည်နယ် အစိုးရ အဖွဲ့ ဘဏ္ဍာရန်ပုံငွေ ဝေစု လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ၊ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ၊ ပြည်နယ် ၀န်ကြီးများ ၊ ပြည်နယ် ဥပေဒချုပ် ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ် အခွန်ဦးစီး ဌာနမှူး ၊ ပြည်နယ် အကောက်ခွန် ဦးစီး ဌာနမှူးများ ၊ ပြည်နယ် / ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ ပြည်နယ် အခွန် ဦးစီးဌာန ၀န်ထမ်းများ တက်ရောက် ကြကြောင်း သိရသည်။


အခမ်းအနား တွင် ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် က အဖွင့်အမှာ စကား ပြောကြား ပြီးနောက် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဌာန ကိုယ်စား ပြည်နယ် အခွန် ဦးစီး ဌာနမှူး ဦးတင်ထွန်းနိုင် က ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာ ရန်ပုံငွေ သို့ အခွန်ဝေစု လွှဲပြောင်း ပေးအပ်ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ ပြည်နယ်အခွန် ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင် က အခွန်ဝေစု ကျပ်သန်း ၇၉၉ ဒသမ ၉၄ အား လွှဲပြောင်း ပေးရာ ပြည်နယ် အစိုးရအဖွဲ့ ၊ ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီးဌာန ၊ ပြည်နယ် ၀န်ကြီး ဦးခွန်သိန်းမောင် က လက်ခံ ရယူကာ အခမ်းအနား ကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger