www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, April 6, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာ မြေလျော်ကြေး ပေးအပ်ပြီးစီးမှု




မုံရွာ ၊ ၆-၅-၂၀၁၃

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ အစီရင်ခံစာ ထွက်ပြီးနောက် မြေလျော်ကြေး ငွေများအား ၂၀၁၃ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ စ၍ ပေးအပ်ခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ တွင် ဆားလင်းကြီးမြို့ ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၊ ငွေသာ ခန်းမ၌ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းစိန် ၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး နှင့် မွေးမြူရေး ၀န်ကြီး ဦးစောမြင့်ဦး ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်း ၊ ဦးအောင်ဇော်ဦး တို့ပါဝင်သော အဖွဲ့၏ ကြီးကြပ်မှု ဖြင့် မြို့နယ် မြေယာ လျော်ကြေး ပေးချေရေး အဖွဲ့ ခေါင်းဆောင် ဦးကျော်သောင်း နှင့် အဖွဲ့က လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း ဧရိယာ အတွင်း ပါဝင်သော တောင်သူ များ၏ လယ်ယာမြေ များအား လျော်ကြေးငွေများ ပေးအပ်ခဲ့ရာ စုစုပေါင်း တောင်သူ ၇ ဦး၏ လယ်ယာမြေ ၁၇ ဒသမ ၈၁ ဧက အတွက် လျော်ကြေးငွေ ကျပ် ၁၇၈၁၀၀၀၀ ( ကျပ် တစ်ရာ့ခုနှစ်ဆယ် ရှစ်သိန်းကျော် ထုတ်ပေး ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ အထိ မြေလျောကြေး ပေးအပ် ပြီးစီးမှု အခြေအနေမှာ ကွင်းပေါင်း ၁၆ ကွင်း တွင် တောင်သူ ၅၇၇ ဦး၏ လယ်ယာမြေ ၁၇၇၁ ဒသမ ၅၂ ဧက အတွက် လျော်ကြေးငွေ စုစုပေါင်း ကျပ် ၁၈၂၁၂၉၅၀၀၀ ( ကျပ် တစ်သောင်း ရှစ်ထောင် နှစ်ရာ တစ်ဆယ့် နှစ်သိမ်းကျော် ) ပေးအပ်ပြီး ဖြစ်ကြောင်း နောက်ရက် များတွင်လည်း ဆက်လက် ပေးအပ် သွာမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger