www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 8, 2013

ရုရှားနိုင်ငံသည် အာရှဒေသရှိ အမေရိကန် ဒုံးပျံကာကွယ်ရေး စနစ်များကို ဗုံးကြဲတိုက်ခိုက်သည့် သဏ္ဍာန်တူ စစ်ဆင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ခြင်း



၈-၄-၂၀၁၃

ရုရှားနိုင်ငံ၏ TU-22 M Backfire ဗုံးကြဲလေယာဉ် တစ်စင်းသည် ဖေဖော်ဝါရီလ အတွင်းက အာရှဒေသရှိ အမေရိကန် ဒုံးပျံ ကာကွယ်ရေး စနစ်များကို ခရုဇ်ဒုံးပျံ များဖြင့် တိုက်ခိုက်သည့် သဏ္ဍာန်တူ လေ့ကျင့်မှုများ ပြုလုပ် ခဲ့ကြောင်း အမေရိကန် တာဝန်ရှိ သူများက ပြောကြား ခဲ့သည်ဟု ဧပြီလ ၅ ရက်နေ့ NEWS now သတင်း တစ်ပုဒ် အရ သိရသည်။

အဆိုပါ TU-22 M Backfire ဗုံးကြဲ လေယာဉ်သည် အမေရိကန် ဒုံးပျံ ကာကွယ်ရေး အစီအစဉ် တစ်စိတ် တစ်ဒေသ အဖြစ် ဂျပန်နိုင်ငံ အနီးတွင် ဖြန့်ကြက် ချထားသော Aegis အတန်းအစား ဒုံးပျံ ကာကွယ်ရေး ဖျက်သင်္ဘော တစ်ဦးအား ဝေဟင်ပစ် ခရုဇ် ဒုံးပျံဖြင့် ပစ်ခတ် တိုက်ခိုက်သည့် သဏ္ဍာန်တူ လေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် လည်းကောင်း ၊ ဂျပန်နိုင်ငံရှိ မြေပြင် အခြေစိုက် ဒုံးပျံ ကာကွယ်ရေး စနစ် တစ်ရပ်ကို တိုက်ခိုက်သည့် သဏ္ဍာန်တူ လေ့ကျင့်မှု တစ်ရပ်ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် လည်းကောင်း အသီးသီး ပြုလုပ် လေ့ကျင့် ခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူ များက ပြောကြား ခဲ့သော်လည်း အသေးစိတ် ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရသည်။

အမေရိကန် သည် မြောက်ကိုရီးယား ၏ ဒုံးပျံ ပစ်လွှတ်မှု များကို စောင့်ကြည့်ရန် နှင့် ဒုံးပျံဖျက် သင်္ဘော များဆီသို့ သတင်း အချက်အလက် များ ပေးပို့ရန် ရည်ရွယ်ပြီး ဂျပန်နိုင်ငံ မြောက်ပိုင်းစွန်း ဒေသတွင် X-band ဒုံးပျံ ကာကွယ်ရေး ရေဒါတစ်ခု ဖြန့်ကြက် ချထား ခဲ့သည်။ ရုရှား နိုင်ငံ အနေဖြင့် ရေငုပ် သင်္ဘောများကို အဆင့်မြှင့်တင် ခြင်း နှင့် အမေရိကန် ဒုံးပျံ ကာကွယ်ရေး စနစ်များ နှင့် ပတ်သက်၍ သတင်း ထောက်လှမ်းရန် လျှို့ဝှက် သင်္ဘောတစ်စီး တည်ဆောက်ခြင်း တို့ဖြင့် ပစိဖိတ် ဒေသတွင် အင်အား တည်ဆောက်လျက် ရှိစဉ် အဆိုပါ သဏ္ဍာန်တူ လေ့ကျင့်မှု ပေါ်ပေါက်ခြင်း ဖြစ်သည်။ ရုရှား နိုင်ငံ အနေဖြင့် ဒေသတွင်းရှိ အမေရိကန် အခြေစိုက် စခန်းများ ၊ သို့မဟုတ် ဂျပန် အခြေစိုက် စခန်းများ ကို ၄င်း၏ ပဲ့ထိန်းဒုံးပျံ များဖြင့် တိုက်ခိုက်နိုင်ရေး ရည်ရွယ်၍ အဆိုပါ သဏ္ဍာန်တူ လေ့ကျင့်မှု ကို ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း အမေရိကန် တာဝန်ရှိ သူများက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger