www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 19, 2013

ရင်ငွေ့လှုံ အင်းလေးဖောင်တော်ဦးဘုရား အလယ်အဆူ၌ ဆံတော်ရှင်များပေါ်ထွန်း



အင်းလေး ၊ ၁၈-၄-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ်ရှိ ၂၀၁၂ ခုနှစ် မတ်လ ၄ ရက်မှစ၍ ပင့်ဆောင် ပူဇော်ခဲ့သည့် ရင်ငွေ့လှုံ အင်းလေး ဖောင်တော်ဦး ဘုရား အဆူတို့မှ အလယ်အဆူ (နံပတ် ၁) ကကုသန္ဓ ဒက္ခိဏ သာခါဘုရား ၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် ညဆီမီး ကပ်လှူ ပူဇော်ချိန်၌ ဆံတော်များကို စတင် တွေ့ရှိ ဖူးမြော် ခဲ့ရသည် ဟု အင်းလေး ဖောင်တော်ဦး ဘုရား အနီးရှိ သာလေး မြောက်ရပ် ကျေးရွာနေသူ တစ်ဦးက ပြောကြားသည်။

" ကျွန်တော်က ဘုရားဦး ခေါင်းတော်မှာ အမှိုက်တွေ ကပ်နေတယ်လို့ ထင်ပြီး စတွေ့တွေ့ ချင်းမှာ ဖယ်ရှားလိုက် တာ ၊ နောက်ရက် တွေလည်း ထပ်တွေ့ နေတော့မှ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်ဘူးလို့ ယူဆပြီး ရွာက ဆရာတော်ကို ပင့်လျှောက် တော့မှ ကျောင်းထိုင် ဆရာတော်က ဆံတော် အဖျားမှာ ဓာတ်တော် ကိန်းဝပ်မှု ရှိနေတယ်လို့ မြွတ်ကြားကြောင်း ... " ရှင်းပြသည်။

ဖောင်တော်ဦး ဘုရား အလယ်အဆူ (နံပတ် ၁ ) ၏ ထူးခြားချက် များမှာ ပန်းပွင့်ပုံစံ အလင်းတန်းများ ဖြာထွက်ခြင်း ၊ မီးချောင်းပုံစံ အလင်းတန်း ဖြာထွက်ခြင်း နှင့် ကပ်လှူ ထားသော ရေတွင်လည်း ထူးခြားချက် ရှိခြင်း တို့ ဖြစ်သည်။ ထို ဘုရားအဆူ၏ ဂုဏ်သတင်းကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ လည်း လာရောက် ဖူးမြော်လျက် ရှိကြောင်း သိရသည်။

( အောင်မြတ်သူ - ဟိုပုံး )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger