www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 22, 2013

ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲသည် Tob Jote ရုပ်သံ အစီအစဉ်ကို ပြန်လည် လေ့လာ ဆန်းစစ်သွားမည်ဟု ဆို



၂၂-၃-၂၀၁၃

ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ်ကြီး Adul Saengsingkaew သည် လွန်ခဲ့သော ရက်သတ္တပတ် အတွင်း၌ Thai PBS ရုပ်သံ သတင်းဌာနက ထုတ်လွှင့် ခဲ့သော အပိုင်း ၅ ပိုင်းပါ Tob Jote အစီအစဉ် အနေဖြင့် ဥပဒေ တစ်စုံတစ်ရာ နှင့် ငြိစွန်းခြင်း ရှိ- မရှိ ပြန်လည် လေ့လာ ဆန်းစစ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု မတ်လ ၂၁ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ ထုတ်လွှင့်ခဲ့သော အပိုင်း ၅ ပိုင်း၏ နောက်ဆုံး အပိုင်းတွင် ဘုရင်စနစ်၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ ပါဝင် ခဲ့ကြောင်း သိရသည်။ ရဲဗိုလ်ချုပ်ကြီး Adul က Tob Jote  ဇာတ်ညွှန်း အပါအ၀င် လိုအပ်သော သတင်း အချက်အလက် များအားလုံး ၄င်းအား ပေးရန် အာဏာပိုင် များကို ညွှန်ကြား ထားကြောင်း ၊ မိမိကိုယ်တိုင် အဆိုပါ ရုပ်သံ အစီအစဉ် တစ်ခုလုံးကို ပြန်လည် ဆန်းစစ်မှု အား ဦးဆောင် သွားမည် ဖြစ်ကြောင်း နှင့် အဆိုပါ လေ့လာ ဆန်းစစ်မှု ကို ၂ ရက်ကြာ အချိန်ယူ ဆောင်ရွက် သွားမည်ဟု မျှော်လင့် ထားကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် အထူး ရဲတပ်ဖွဲ့ ကိုလည်း စုံစမ်း စစ်ဆေးရေး အတွက် လိုအပ်သော သတင်း အချက်အလက် များ စုဆောင်း ထားရန် ညွှန်ကြား ထားကြောင်း ၊ အဆိုပါ အစီအစဉ် ကို လူမှု ပတ်ဝန်းကျင် တွင် ပဋိပက္ခများ ဖြစ်ပွား နိုင်မည့် အင်တာနက် ပေါ် တင်ထားခဲ့ခြင်း ရှိ - မရှိ စောင့်ကြည့်ရန် အာဏာပိုင် များကို ညွှန်ကြား ထားကြောင်း နှင့် လက်ရှိ အချိန်တွင် အဆိုပါ အစီအစဉ် သည် ဥပဒေ တစ်စုံတစ်ရာ နှင့် ငြိစွန်းခြင်း ရှိ - မရှိ မပြောနိုင် သေးကြောင်း ရဲဗိုလ်ချုပ်ကြီး Adul က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger