www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 20, 2013

အလုပ်သမားရေးရာ ၀န်ကြီးသစ်အဖြစ် Thomas Perez အား အိုဘားမားက အမည်စာရင်း တင်သွင်းခြင်း


အိုဘားမား က အမည်စာရင်း တင်သွင်းသော 
အလုပ်သမား ရေးရာဝန်ကြီးသစ် Thomas Perez

၂၀-၃-၂၀၁၃

အမေရိကန် သမ္မတ အိုဘားမား သည် အလုပ်သမား ရေးရာ ၀န်ကြီးသစ် အဖြစ် ပြည်သူ့ ရပိုင်ခွင့် ဆိုင်ရာ လက်ထောက် ရှေ့နေချုပ် Thomas Perez အား မတ်လ ၁၈ ရက်နေ့တွင် အမည်စာရင်း တင်သွင်း ခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ပုဒ် အရ သိရသည်။ အထက်လွှတ်တော် မှ အတည်ပြု ပါက Thomas Perez သည် ဇန်န၀ါရီလ အတွင်းက နုတ်ထွက် သွားသည့် အလုပ်သမား ၀န်ကြီး Hilda Solis ၏ နေရာတွင် ဆက်ခံမည့် ပထမဆုံးသော လက်တင် အမေရိက နိုင်ငံသားတစ်ဦး ဖြစ်လာမည် ဖြစ်သည်။ ၄င်းသည် ဒိုမီနီကန် သမ္မတ နိုင်ငံမှ အမေရိကန် နိုင်ငံသို့ ၀င်ရောက် အခြေချ နေထိုင် လာသည့် မိဘ ၂ ပါးမှ ပေါက်ဖွား လာသူ ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ စတင်၍ တရားရေး ၀န်ကြီးဌာန ၏ ပြည်သူ့ ရပိုင်ခွင့် ဆိုင်ရာဌာန တွင် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်သည်။

အသက် ၅၁ အရွယ်ရှိ Thomas Perez သည် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ မယ်ရီလန်း ပြည်နယ် မှ မောင့်ဂိုမာရီ စီရင်စု ကောင်စီတွင် အလုပ်သမား ၊ လိုင်စင်နှင့် စည်းမျဉ်း ဥပဒေဆိုင်ရာ ဌာန၌လည်း တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်သည်။ Thomas Perez ၏ အတွေ့အကြုံ ဗဟုသုတ များသည် ထူးချွန် ထက်မြက်သည့် အလုပ်သမား ရေးရာဝန်ကြီး အဖြစ် အထောက်အပံ့ ဖြစ်စေမည် ဖြစ်ကြောင်း အိုဘားမား က ချီးကျူး ပြောကြား ခဲ့သည်။ ၄င်းသည် ဒေသန္တရ အစိုးရအဆင့် ၊ ပြည်နယ် အဆင့်နှင့် ဗဟိုအဆင့် တို့တွင် ရာထူးနေရာ အသီးသီးကို အဆင့်ဆင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း အိုဘားမား က ထပ်လောင်း ပြောကြား ခဲ့သည်။

Thomas Perez အား အမည်စာရင်း တင်သွင်းထားမှုကို အမြန်ဆုံး အတည်ပြု ပေးရန် အထက်လွှတ်တော် အား အိုဘားမား က တိုက်တွန်းခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေများကို အလုံးစုံ ပြင်ဆင်ရေး နှင့် အနိမ့်ဆုံး လုပ်အားခကို တိုးမြှင့် ပေးရေးတို့ အပါအ၀င် ၄င်း အကောင်အထည် ဖော် ဆောင်ရွက် လိုသည့် ကနဦး လုပ်ငန်း အစီအစဉ် အချို့ကိုလည်း အိုဘားမား က ထည့်သွင်း ပြောကြား ခဲ့သည်။ ၀န်ထမ်းများ ၊ မိသားစု ၀င်များနှင့် စီးပွားရေး လုပ်ငန်းများ အားလုံး နှင့် ကိုက်ညီမည့် လူဝင်မှု ကြီးကြပ်ရေး စနစ်တစ်ရပ် ထူထောင်သွားရန် လိုအပ်ကြောင်း နှင့် Thomas Perez အနေဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက် နိုင်ရုံ သာမက ကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်ရေး ကိုလည်း ဖော်ဆောင်နိုင်မည် ဟု ယုံကြည်ကြောင်း အိုဘားမား က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger