www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 19, 2013

လူကုန်ကူးခံရသူများအား စောင့်ရှောက်ပေးရေးဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်



တောင်ကြီး ၊ ၁၉-၃-၂၀၁၃

ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ မှ ကျင်းပ ပြုလုပ်သည့် လူကုန်ကူး ခံရသူများအား စောင့်ရှောက် ပေးရေး ဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်ပွဲကို မတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန်က တောင်ကြီးမြို့ ၊ ပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ရုံး ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား တွင် ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ နာယက ဒေါ်ဖြူဖြူညွန့် က အဖွင့် အမှာစကား ပြောကြားပြီး ပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေ က သင်တန်း နှင့် ပတ်သက်သည် များကို ရှင်းလင်း ပြောကြားသည်။ သင်တန်းတွင် လူကုန်ကူး ခံရသူများအား စိစစ် သတ်မှတ်ခြင်း ၊ လူကုန်ကူး ခံရသူများ၏ အခွင့်အရေးးများ ၊ အလုပ်သမား ပြောင်းရွှေ့ နေထိုင်ခြင်း မူဝါဒ ၊ လူကုန်ကူးမှု ဥပဒေ များနှင့် တရားစွဲဆိုရေး ၊ နှစ်သိမ့် ဆွေးနွေးခြင်း ၊ လူကုန်ကူး ခံရသည့် ကလေးများအား စောင့်ရှောက်ခြင်း ၊ လူကုန်ကူးမှု တားဆီးရေး ဗဟိုအဖွဲ့ နှင့် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများ အခန်းကဏ္ဍ နှင့် တာဝန်ယူ လုပ်ဆောင်ချက်များ ၊ ပြန်လည် လက်ခံရေး ၀င်ဆံ့ ပေါင်းစည်းရေး နှင့် ထူထောင်ရေး တွင် အမျိုးသမီး ရေးရာအဖွဲ့၏ အခန်းကဏ္ဍ နှင့် တာဝန်ယူ လုပ်ဆောင်ချက် များ ၊ မူးယစ်ဆေးဝါး အန္တရာယ် နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ များကို ပို့ချ သွားမည် ဖြစ်ပြီး သင်တန်းကာလ မှာ မတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့ အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ သင်ကြား ပို့ချ သွားမည် ဖြစ်သည်။

အဆိုပါ သင်တန်း ဖွင့်ပွဲသို့ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ နာယက ဒေါ်ဖြူဖြူညွန့် ၊ ပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေ နှင့် ပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ဝင် များ ၊ တောင်ကြီး ခရိုင် ၊ လွိုင်လင် ခရိုင် ၊ လင်းခေး ခရိုင် အတွင်းရှိ မြို့နယ် ၂၁ မြို့နယ်မှ အမျိုးသမီး ရေးရာအဖွဲ့ဝင် များ နှင့် သင်တန်းသူများ တက်ရောက် ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger