www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, March 16, 2013

အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲဖွင့်လှစ်



ရန်ကုန် ၊ ၁၆-၃-၂၀၁၃

မြန်မာနိုင်ငံ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ ၂၀၁၃ Myanmar International Show 2013 ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီခွဲ တွင် ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ၊ တိုင်းဒေသကြီး ၀န်ကြီးများ ၊ နိုင်ငံခြား သံရုံးများမှ သံအမတ် များနှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ စက်မှု လုပ်ငန်းရှင်များ အသင်း ၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် များအသင်း တို့မှ တာဝန်ရှိ သူများ ၊ ပြပွဲတွင် ပါဝင် ပြသကြသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီ များမှ လုပ်ငန်းရှင်များ ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ China Promotion Exhibition ( Hong Kong ) မှ မန်နေးဂျင်း ဒါရိုက်တာ Dr. Andrew Kay က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြား သည်။ ထို့နောက် ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် တိုင်းဒေသကြီး ၀န်ကြီးများ ၊ Royal Silver Kris Co., Ltd မှ အမှုဆောင် အရာရှိချုပ် ဦးဝင်းရှိန် နှင့် တာဝန်ရှိ သူများက အခမ်းအနား ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့် အဖွဲ့ဝင် များသည် ပြခန်း များအတွင်း လှည့်လည် ကြည့်ရှု အားပေး ကြသည်။

အဆိုပါ ကုန်စည်ပြပွဲ သို့ နိုင်ငံ ၁၆ နိုင်ငံမှ ကုမ္ပဏီ ၇၇ ခု တို့က ဆက်သွယ်ရေး ၊ လျှပ်စစ်ပစ္စည်း ၊ ချည်မျှင် နှင့် အထည်စက် ၊ မော်တော်ကား အပိုပစ္စည်း ၊ ဆက်စပ် ပစ္စည်းများ နှင့် ၀န်ဆောင်မှု ဆိုင်ရာ ပြခန်းပေါင်း ၁၀၀ ခန်း ပါဝင် ပြပြီး မတ်လ ၁၈ ရက်နေ့ အထိ နေ့စဉ် နံနက် ၉ နာရီ အချိန်မှ ညနေ ၄ နာရီ အချိန်ထိ ဖွင့်လှစ် ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger