www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 14, 2013

ထိုင်းရေတပ်သည် နိုင်ငံတောင်ပိုင်း တွင် ရိန်းဂျားတပ်ဖွဲ့ဝင် ၂၀၀၀ ကို ထပ်မံတပ်ဖြန့် ချထားခြင်း



၁၄-၃-၂၀၁၃

ထိုင်းရေတပ်သည် နိုင်ငံ တောင်ဘက် စွန်းပိုင်းတွင် စစ်ဆင်နေသည့် မရိန်း အထူးတပ်ဖွဲ့ကို စစ်ကူ ပေးရန်အတွက် မရိန်း ရိန်းဂျား တပ်ဖွဲ့ဝင် ၂၀၀၀ ပါဝင်သည့် တပ်ဖွဲ့သစ် တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ ရိန်းဂျား တပ်ဖွဲ့သစ်သည် လုံခြုံရေး ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင် အဓိက အခန်းကဏ္ဍမှ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ရိန်းဂျား တပ်ဖွဲ့သစ်ကို တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ဖြင့် တပ်ခွဲ ၁၆ ခွဲ ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း ရိန်းဂျား တပ်ဖွဲ့ဝင် များသည် ဧပြီလ ၁ ရက်နေ့ စတင်၍ Muang ခရိုင် ၊ Bacho ခရိုင် ၊ Rueso ခရိုင် နှင့် Tak Bai ခရိုင် တို့တွင် တပ်ဖြန့် သွားမှာ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရိန်းဂျား တပ်ဖွဲ့ဝင်သစ် ကို ပြည်တွင်း လုံခြုံမှု စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၏ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ၊ မရိန်း အထူးတပ်ဖွဲ့သည် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် Bacho ခရိုင်ရှိ မရိန်း အခြေစိုက် စခန်းတစ်ခုကို လက်နက်ကိုင် စစ်သွေးကြွ ၅၀ ခန့်က လာရောက် တိုက်ခိုက်ချိန်၌ အောင်မြင်စွာ လက်တုံ့ပြန် နိုင်ခဲ့ပြီး စစ်သွေးကြွ ၁၆ ဦးကို သုတ်သင် နိုင်ခဲ့သည့် အတွက် ချီးကျူး ဂုဏ်ပြုခံရလျက် ရှိကြောင်း နှင့် လက်ရှိ အသစ် ဖွဲ့စည်းလိုက်သည့် ရိန်းဂျား တပ်ဖွဲ့သည် အဆိုပါ အထူးတပ်ဖွဲ့၏ စစ်ဆင်ရေး များကို ပိုမို အောင်မြင်မှု ရရှိစေမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger