www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 28, 2013

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်သော အဖွဲ့နှင့် United States Institute of Peace ( USIP ) USAID Rule of Law Center မှ Dr. David W.Yang ဦးဆောင်သော အဖွဲ့တွေ့ဆုံ



တောင်ကြီး ၊ ၂၈-၂-၂၀၁၃

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးဆောင်သော အဖွဲ့နှင့် United States Institute of Peace ( USIP ) USAID Rule of Law Center မှ Dr. David W.Yang ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံမှု ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ( USIP ) USAID အဖွဲ့မှ ယခင်နှစ် နိုဝင်ဘာလ က မြန်မာနိုင်ငံ သို့ လာရောက် ခဲ့ရာ အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ်တွင် ပြောကြား ခဲ့သည့် မြန်မာ ပြည်သူများ၏ ဒီမိုကရေစီ ဖော်ဆောင်မှု နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် ကူညီ ဆောင်ရွက်ရန် လာရောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ နေပြည်တော် တွင် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ တရားသူကြီးချုပ် နှင့် လွှတ်တော် မှ တာဝန်ရှိ သူများအား တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း ၊ ရှမ်းပြည်နယ် ခရီးစဉ်တွင် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် ရာတွင် ကျင့်သုံးသည့် နည်းစနစ် တွေ့ကြုံ ရသည့် အခက်အခဲ ပံ့ပိုး ကူညီရမည့် အနေအထား တို့ကို သိရှိလို၍ ဖြစ်ကြောင်း ၊ တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက် ရာတွင် တာဝန်ရှိ အဖွဲ့အစည်း များ ၊ ဥပဒေ ပညာရှင်များ ၀ိုင်းဝန်း ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ မိမိတို့ အဖွဲ့ အနေဖြင့် တရား ဥပဒေ စိုးမိုးရေး ၊ လူ့အခွင့်အရေး ကိစ္စရပ် များနှင့် ပတ်သက်၍ သင်တန်းများ ပို့ချရန်လည်း အစီအစဉ် ရှိပါကြောင်း ဆွေးနွေး ပြောကြား ခဲ့သည်။



ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ မှ ပြန်လည် ဆွေးနွေးရာတွင် Rule of Law နှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် များနှင့် အညီ ဆောင်ရွက်လျက် ရှိပါကြောင်၊ အစိုးရ အဖွဲ့ အနေဖြင့် စီမံခန့်ခွဲမှု အပိုင်းကို တာဝန်ယူပြီး တရားစီရင်ရေး အပိုင်းကို တရား လွှတ်တော် ၊ ဥပဒေ ပြုရေး အပိုင်းကို ပြည်နယ် လွှတ်တော် မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း ၊ တရား ဥပဒေ စိုးမိုးရေး အတွက် နိုင်ငံတော် တည်ဆဲ ဥပဒေ များနှင့်အညီ စီမံ ဆောင်ရွက်လျက် ရှိပါကြောင်း ၊ ပြည်နယ်မှ ပြဌာန်း ရမည့် ဇယား(ခ) ပါ ဥပဒေများကို ပြဌာန်း နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း ၊ ပြည်နယ် အတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း နှင့် ဒေသ(၅)ခု ပါဝင်ပြီး ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း ၊ တရားဥပဒေ စိုးမိုးရေး အတွက် ကူညီ ဆောင်ရွက် မည်ကို ကျေးဇူး တင်ရှိ ပါကြောင်း ဆွေးနွေး ပြောကြား ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ သို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် ၊ အစိုးရ အဖွဲ့ဝင် ပြည်နယ် ၀န်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ် ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ USAID ၏ Center of Excellence on Democracy, Human Rights and Govermance Bureau for Democracy, Conflict and Humanitarian Assistance မှ ညွှန်ကြားရေးမှူး Dr. David W.Yang ဦးဆောင်သည့် အဖွဲ့ဝင် ၈ ဦးတို့ တက်ရောက် ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger