www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 24, 2013

ပဉ္စမအကြိမ်မြောက် ကျိုင်းတုံ တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ



ကျိုင်းတုံ ၊ ၂၄-၂-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၊ ကျိုင်းတုံ တက္ကသိုလ် ၌ ပဉ္စမ အကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနား ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီ အချိန်က ခေမာရဋ္ဌ် ခန်းမဆောင် ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။



အဆိုပါ အခမ်းအနား သို့ ကျိုင်းတုံ တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ မေရီသိမ်း ၊ ဒုတိယ ပါမောက္ခချုပ် နှင့် ဘာသာရပ် အလိုက် (ဌာနမှူး) ပါမောက္ခများ ၊ ဆရာ - ဆရာမများ ၊ မော်ကွန်းထိမ်း နှင့် ဘွဲ့ရ ကျောင်းသား ကျောင်းသူ ၁၈၃ ဦး ၊ ကျောင်းသား ကျောင်းသူ မိဘဆွေမျိုး များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော် များ စုစုပေါင်း ၅၀၀ ကျော် တက်ရောက် ခဲ့ကြသည်။


 အစီအစဉ်အရ ဘွဲ့ရ ကျောင်းသား ကျောင်းသူ ၁၈၃ ဦး ၊ အဝေးရောက် ဘွဲ့ ၃ ဦး စုစုပေါင်း ၁၈၆ ဦး တို့အား ကျိုင်းတုံ တက္ကသိုလ် တာဝန်ခံ ပါမောက္ခ ဒေါက်တာ မေရီသိမ်း မှ ဂုဏ်ပြု မှတ်တမ်း ဘွဲ့လက်မှတ်များ ပေးအပ် ချီးမြှင့် ပေးပြီး မှတ်တမ်းတင် စာရင်းအား လက်မှတ် ရေးထိုး ပြီးနောက် ဂုဏ်ပြု အမှာစကား ပြောကြားကာ ညနေ ၃ နာရီ အချိန်တွင် အခမ်းအနား ကို ရုတ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger