မိုးကောင်း ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
ဒီဇင်ဘာ(၁၈)ရက်နေ့
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ကျပ်သရေဆောင် မိုးကောင်း ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဂေါပက အဖွဲ့က ကြီးမှူး၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ စည်ကား သိုက်မြို့စွာ ကျင်းပမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေ ၃ နာရီတွင် မြတ်စွာဘုရားအမှူးပြု၍ သံဃာတော် အရှင်သူမြတ် ၁၁၀ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူ မည်ဖြစ်ပြီး မိုးကောင်း စေတီတော်မြတ်ကြီး အား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မည် ဖြစ်သည်။ ပါဝင်လှူဒါန်း လိုသူ အလှူရှင် များသည် မိုးကောင်း စေတီတော် ဂေါပကအဖွဲ့ရုံး ဖုန်း ၀၁၅၆၆၅၀၅ သို့ ဆက်သွယ် ကုသိုလ်ယူ ပါဝင်နိုင် ကြောင်း သိရှိရသည်။
No comments:
Post a Comment