www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 27, 2012

အာဆီယံ အမှတ်(၁) လမ်းမကြီး (MTKT) အဆင့်မြင့်တင် ဖောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိ




ကျိုင်းတုံ ၊ ၂၇-၁၀-၂၀၁၂

နိုင်ငံတော်မှ လမ်းပန်း ဆက်သွယ်မှု လွယ်ကူ ချောမွေ့စေရေး ၊ ကုန်စည်စီးဆင်းမှု လွယ်ကူ လျင်မြန်စေရေး တို့အတွက် အဝေးပြေး လမ်းမကြီးများအား အဆင့်မြင့်တင် ဖောက်လုပ် ပေးလျက် ရှိရာတွင် အာဆီယံ အမှတ်(၁) လမ်းမကြီးတွင် ပါဝင်သည့် မိတ္ထီလာ ၊ တောင်ကြီး ၊ ကျိုင်းတုံ ၊ တာချီလိပ် (MTKT) အဝေးပြေး လမ်းမကြီးကို ကတ္တရာ လမ်းမကြီးအား အာဆီယံ စံချိန်စံညွှန်း နှင့်အညီ အလေးချိန် တန် (၇၀) အထိ လေးသော ယာဉ်ကြီးများ သွားလာနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက် လုပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက် ရှိရာတွင် ခိုလမ်မြို့နယ် အပိုင်းဖြစ်သော မိုင်တိုင် အမှတ် (၁၈၉) မှ မိုင်တိုင် အမှတ် (၂၈၃/၄) အထိ စုစုပေါင်း အရှည် ၂၈ မိုင် ၄ ဖာလုံအား မိုင်တိုင် (၁၈၉) မှ (၁၉၉) အထိ Yangon Crown ကုမ္ပဏီမှ လည်းကောင်း ၊ မိုင်တိုင် အမှတ် (၁၉၉) မှ (၂၀၄) အထိအား Crown Calcium ကုမ္ပဏီ မှလည်းကောင်း ၊ မိုင်တိုင် အမှတ် (၂၀၄) မှ (၂၂၁) ထိအား လမ်းအထူးအဖွဲ့ (၁၃)မှ လည်းကောင်း ၊ မိုင်တိုင် အမှတ် (၂၂၁) မှ (၂၂၆) အထိ အား IGE ကုမ္ပဏီမှ လည်းကောင်း ၊ မိုင်တိုင် အမှတ် (၂၂၆) မှ (၂၃၁)ထိအား နဒီရွှေဝါ ကုမ္ပဏီ မှလည်းကောင်း ၊ မိုင်တိုင် အမှတ် (၂၃၁) မှ (၂၅၅) ထိအား လွိုင်လင်ခရိုင် ဆောက်လုပ်ရေး အဖွဲ့မှ လည်းကောင်း၊ မိုင်တိုင် အမှတ် (၂၅၅) မှ (၂၈၃/၄) ထိအား လေယာဉ်ကွင်း အထူးအဖွဲ့(၁) မှလည်းကောင်း တာဝန်ယူ ဆောက်လုပ် သွားမည် ဖြစ်ပြီး အခြေခံ လွှာ (၆)လက်မထု ခင်းကျင်းမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger