www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 29, 2012

မြန်မာ Mobile Fair Yangon 2012 ကျင်းပမည်




ရန်ကုန် ၊ ၂၉-၁၀-၂၀၁၂

Zillion Business Service Limited က ကြီးမှူး ကျင်းပသည့် ဒုတိယ အကြိမ်မြောက် Mobile Fair Yangon 2012 ကို နိုဝင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့ ၊ လမ်းမတော် မြို့နယ် ၊ မင်းရဲကျော်စွာလမ်း ရှိ UMFCCI ရုံး ၊ မင်္ဂလာခန်းမ တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပြည်တွင်းရှိ နိုင်ငံခြား ဖုန်းကုမ္ပဏီများ ၊ မိုဘိုင်းဖုန်း အရောင်းဆိုင်များ ၊ မိုဘိုင်း နည်းပညာ သင်တန်းကျောင်းများ ကို သုံးစွဲသူ ပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင် စေရေး နှင့် သုံးစွဲသူ ပြည်သူများ နှင့် တိုက်ရိုက် ထိတွေ့ ၀ယ်ယူ ရောင်းချ နိုင်စေရေး အတွက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ပြပွဲရက်များ အတွင်း အထူးအစီအစဉ် အနေဖြင့် လာရောက် ကြည့်ရှုသူများ နှင့် ၀ယ်ယူ သူများအတွက် ဖုန်း SIM ကတ်နှင့် Handset များကို ကံစမ်းမဲ ဖောက်ပေး သွားမည် ဖြစ်ကြောင်း နှင့် အင်တာနက် အခမဲ့ သုံးစွဲနိုင်ရန် WiFi ကုမ္ပဏီမှ စီစဉ် ထားကြောင်း နှင့် ပါဝင်ပြသ ရောင်းချကြမည့် ကုမ္ပဏီများ အနေဖြင့်လည်း Handset များနှင့် ဆက်စပ်ပစ္စည်း များကို သက်သာစွာ ရောင်းချ ပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger