www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 30, 2012

ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည့် တိုက်လေယာဉ် များ ၂ နှစ်အတွင်း ရှာဖွေမည်




ဒုတိယကမ္ဘာစစ်က တွင်တွင်ကျယ်ကျယ်
အသုံးပြုခဲ့သော ဗြိတိန် Spitfire plan

ရန်ကုန် ၊ ၃၀-၁၀-၂၀၁၂

ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သည့် တိုက်လေယာဉ် များကို ဗြိတိန် နိုင်ငံက ၂ နှစ်အတွင်း ရှာဖွေသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြှုပ်နှံထားသည့် တိုက်လေယာဉ် များမှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် အနီးဝန်းကျင်တွင် မြှုပ်နှံထားကြောင်း ၊ အဆိုပါ တိုက်လေယာဉ် များရှာဖွေ ခဲ့သည်မှာ ယခုအကြိမ် နှင့်ဆိုလျှင် ၃ ကြိမ် ရှိပြီ ဖြစ်ကြောင်း ၊ ၂၀၀၀ ပြည့်နှစ်က အစ္စရေး ကုမ္ပဏီက ရှာဖွေခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် စင်ကာပူ အခြေစိုက် ကုမ္ပဏီ အဖွဲ့တို့က ရှာဖွေခဲ့ရာ အောင်မြင်မှု မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်များမှာ အသုံးမပြုရသေးသော လေယာဉ်များ ဖြစ်ပြီး ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်အနီးရှိ တောင်စောင်းတွင် မြှုပ်နှံထားကြောင်း ၊ အကယ်၍ ရှာဖွေ တွေ့ရှိပါက တိုက်လေယာဉ် တစ်စီးကို နိုင်ငံတော် အစိုးရအား ပေးရမည် ဖြစ်ပြီး ကျန်တွေ့ရှိချက်များ အပေါ် မူတည်၍ ဆောင်ရွက်သော ကုမ္ပဏီ ၂ခုက ၅၀ ရာခိုင်နှုန်းစီ အချိုးကျ ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger