www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 28, 2012

အာဆီယံဒေသတွင်း တက္ကသိုလ်များ သင်တန်းထပ်မံ ပို့ချမည်




ရန်ကုန် ၊ ၂၈-၁၀-၂၀၁၂

၂၀၁၅ ခုနှစ်မှစ၍ အာဆီယံ ဒေသတွင်း တက္ကသိုလ်များ အဆင့်တူညီရေး အတွက် ရည်ရွယ်၍ ASEAN University Network _ AUN မှ မြန်မာနိုင်ငံသို့ သင်တန်းများ လာရောက် ပို့ချလျက်ရှိပြီး နိုဝင်ဘာလတွင် ထပ်မံ လာရောက် ပို့ချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်း သိပ္ပံ တက္ကသိုလ်မှ သိရသည်။

AUN မှ ၂၀၁၂ သြဂုတ် လအတွင်း Training on Enhancing Quality Assurance သင်တန်းတွင် ရေကြောင်း တက္ကသိုလ်မှ (၁၁)ဦး ၊ ရန်ကုန် တက္ကသိုလ်မှ (၅)ဦး ၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ (၅)ဦး ၊ ကုန်သွယ် ရေကြောင်း ကောလိပ်မှ (၄)ဦး ၊ မန္တလေး တက္ကသိုလ်မှ (၂)ဦး ၊ သမ၀ါယမ ဒီဂရီကောလိပ် မှ(၁)ဦး ၊ လေကြောင်း ပညာ သိပ္ပံကျောင်းမှ (၂)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

AUN မှ ၂၀၁၂ မှစ၍ အာဆီယံ ဒေသတွင်း တက္ကသိုလ်များ အားလုံး အဆင့်တူညီရေး အတွက် သင်တန်းများ ပို့ချလျက် ရှိပြီး အဓိက အားဖြင့် CLMV နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံများ၏ Quality of Education Management ကို အခြား နိုင်ငံများနှင့် တန်းတူ သတ်မှတ်နိုင်ရန် ရည်ရွယ်ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger