www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 27, 2012

မီးဘေးကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင့်




မြိတ် ၊ ၂၇-၁၀-၂၀၁၂

မြိတ်ခရိုင် ၊ မီးသတ် ဦးစီးဌာနမှ ကြီးမှူး၍ မီးဘေး ကြိုတင် ကာကွယ်ရေး မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဆိပ်ငယ်ဈေးကြီး တွင် ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ၊ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် ဈေးသူ ဈေးသားများ တက်ရောက်ကြောင်း သိရသည်။

အဆိုပါ မီးဘေးကြိုတင် ကာကွယ်ရေး မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြိတ်ခရိုင် မီးသတ် ဦးစီးဌာနမှ သန္ဓေ တပ်ဖွဲ့ဝင် ၁၂ ဦး ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၂၅ ဦး တို့က မီးသတ်ယာဉ် ၁၄ စီးဖြင့် မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်ခဲ့ ကြသည်။

မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်မှု အပြီးတွင် ဈေးတာဝန်ခံရုံး၌ မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် ပတ်သက်၍ အားနည်းချက် ၊ အားသာချက် များကို သက်ဆိုင်ရာ အဖွဲ့အစည်း များ ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger