www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 21, 2012

ဓမ္မဒူတ ဘာသာရေးမဂ္ဂဇင်း ပြိုင်ပွဲဝင် စာမူများဖိတ်ခေါ်


ရန်ကုန် ၊ ၂၀-၁၀-၂၀၁၂

ဓမ္မဒူတ ဘာသာရေး မဂ္ဂဇင်း ၊ ဓမ္မစာပေဆု သုံးမျိုးချီးမြှင့်ရန် ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ် လျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲဝင် စာမူအမည်မှာ " ပရဟိတ အလုပ်သည် ဗုဒ္ဓ အလိုကျ ဖြစ်သည် " ဖြစ်ပြီး စာမူသည် ထေရ၀ါဒ ဗုဒ္ဓသာသနာ နှင့် ကိုက်ညီရမည်။ စာလုံး ၁၅၀၀၀ ထက်မနည်း ၂၀၀၀၀ ထက်မပိုရ။ အကိုးအကား အထောက်အထား ပြည့်စုံရမည့် အပြင် ပြိုင်ပွဲဝင်သူ၏ ကိုယ်ရေးအကျဉ်း ၊ လိပ်စာ အပြည့်အစုံ ၊ ပတ်စ်ပို့ အရွယ်ဓာတ်ပုံ တစ်ပုံပါရှိရမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် စာမူများကို ဆုပြည့်စုံထွန်း စာပေ ၊ အမှတ် ၅၀၈/၅၁၂ (၂ခ) ၊ ပထမထပ် ၊ ကုန်သည်လမ်း နှင့် ဆိပ်ကမ်းသာလမ်း ထောင့် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၃၈၃၆၆၄ ၊ ၃၈၆၈၃၃ သို့ နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger