www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 24, 2012

ထိုင်းနိုင်ငံ အလွတ်တန်း ဖိတ်ခေါ် သေနတ်ပစ်ပြိုင်ပွဲ မြန်မာအမျိုးသမီး အသင်းလိုက် ရွှေတံဆိပ် ဆွတ်ခူးရရှိ




ရန်ကုန် ၊ ၂၄-၁၀-၂၀၁၂

၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်ထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ တွင်ကျင်းပ ပြုလုပ်ခဲ့သော ထိုင်းနိုင်ငံ အလွတ်တန်း ဖိတ်ခေါ် သေနတ်ပစ် ပြိုင်ပွဲသို့ အရှေ့တောင် အာရှ ၊ အာရှ နှင့် ဥရောပ နိုင်ငံများ နိုင်ငံပေါင်း ၂၀ ၀င်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲ အမျိုးအစား ၁၆ မျိုး ကျင်းပရာ မြန်မာနိုင်ငံမှ ၃ မျိုး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသမီး အသင်းလိုက် (၅၀)မီတာ ပွိုင့် ၂၂ Rifle Prone ပြိုင်ပွဲတွင် သန်းသန်းစော (သစ်တောရေးရာ) ၊ သူသူကျော် (လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး) ၊ အေးအေးသင်း (လယ်/ဆည်) တို့သည် အသင်းလိုက် ရွှေတံဆိပ်ဖြင့် ပထမ ၊ ထိုင်းနိုင်ငံမှ ဒုတိယနှင့် ယူအေအီး နိုင်ငံမှ တတိယရရှိကာ အမျိုးသား တစ်ဦးချင်း (၅၀)မီတာ ပွိုင့် ၂၂ Rifle Prone ပြိုင်ပွဲတွင် ထိုင်းနိုင်ငံမှ ပထမနှင့် ဒုတိယဆု ရရှိပြီး မြန်မာနိုင်ငံမှ လင်းအောင် (အား/ကာ)က တတိယ ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ အဖွဲ့ ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ သေနတ်ပစ် အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထက်ညီ ၊ အုပ်ချုပ် နည်းပြ(၄)ဦး ၊ အားကစား အမျိုးသား (၄)ဦး ၊ အမျိုးသမီး (၃)ဦး ၊ ဒိုင်/ဂျူရီ (၇)ဦး စုစုပေါင်း (၁၉) ဦးတို့သည် ယမန်နေ့ည ၈ နာရီက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ပြန်လည် ရောက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger